ကဗျာ

တို့တိုင်းပြည်

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။

များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုး
ညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ
များလဲများ၏။

များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ
ကာလကြာလျှင်
မြင်သာမြင်ရ
မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

(ဒီကဗျာလေးကို ဆရာဇော်ဂျီက ၁၉၃၅ ခုနှစ် လွတ်လပ်ရေး မရခင်မှာ ရေးသားခဲ့ပါတယ်။ ) 



ရင်သွေး


မေ့သမီးလေး
ပါးဖွေးနီနီ
ကြည်ရွှင်သံပေး
ခစ်ခစ်တေးသီ
အာခေါင်နီနှင့်
ခြေကန်ထောင်ဆော့
လက်ကျစ်ဆုပ်မာန်
မြူးဟန်ကြွကြွ
သောက်ရှူးမျက်ကြယ်
တောက်လက်ဖြူတွင်
မေ့ရင်ထက်စူး
ပီတိမူး၏။

(ဇာဇာစိုး-ကိုယ်တိုင်ရေးကဗျာ)

No comments: